ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုအကြိမ်ရေ ၁ သိန်းကျော် ဆောင်ရွက်နိုင်ခဲ့

ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့တွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် ၁၂ လုံး အသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အဆိုပါ ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုအကြိမ်ရေ ၁၁၀,၃၆၇ ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ #Crd