ဇွန်လ ၂၄ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၂၃ ရက်နေ့ ၁၉၁၀ နာရီချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)(၉၄) ရပ်ကွက်တွင် ဦးလှကြည် (၇၇) နှစ်သည် ကားဖြင့်အပြင်မှနေအိမ်သို့ ပြန်လာစဉ် စီ(၁) လမ်းနှင့်စိန်းပန်းလမ်းထောင့် အရောက်၌ အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆရက (၁/၁၀၀၀) သို့ပိုဆောင်ခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၃ ရက်နေ့ ၀၈၁၀ နာရီချိန်တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၄) ရပ်ကွက်တွင်နေထိုင်သော ဦးဆန်းမောင် (၇၇) နှစ်သည် နေအိမ်အတွင်းရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးမှဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးဆန်းမောင်အား ၎င်းတို့နှင့်လိုက်ခဲ့ရန်ပြောဆိုစဉ် ဦးဆန်းမောင်မှာ မလိုက်နိုင်ကြောင်း ပြောဆိုသဖြင့် အကြမ်းဖက်သမားတစ်ဦးမှ လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။

-ဇွန်လ ၂၃ ရက်နေ့ ၂၀၂၅ နာရီချိန်တွင် မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်၊ နယ်မြေ (၅) တွင် နေထိုင်သော အိမ်ခြံမြေပွဲစားလုပ်ကိုင်သူ ဦးထွန်းနိုင် (၃၉) နှစ်သည် မိသားစုနှင့် အတူရှိနေစဉ် အကြမ်းဖက်သမား ၆ ဦးရောက်ရှိလာပြီး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သောကြောင့် ဦးထွန်းနိုင် နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မေသင်း(၃၃) နှစ်တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၂၂ ရက်နေ့ ၀၈၃၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ သဲတောကန်ကျေးရွာတွင် နေထိုင်သော ဦးအောင်ကျော်ဦး(ခ) အောင်မျိုး(၄၆) နှစ်အား အကြမ်းဖက်သမားများမှ ဖမ်းဆီးသတ်ဖြတ်ထားခဲ့သဖြင့် ဇွန်လ ၂၃ ရက်တွင် အဆိုပါရုပ်အလောင်းအား တွေ့၇ှိရသဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင် သိရှိရ။

-ဇွန်လ ၂၃ ရက်နေ့ ၁၂၀၀နာရီချိန်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားရွာသစ်ကျေးရွာအနီးတွင် အမျိုးသမီးအလောင်း ၁ လောင်းအား တွေ့ရှိရသဖြင့် သွဦးရောက်စစ်ဆေးခဲ့ရာ အမျိုးသမီးမှာ အကြမ်းဖက်သမားများမှ လက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခဲ့သဖြင့် ပြတ်ရှဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေကြောင်း သိရှိရ။

-ဇွန်လ ၂၃ ရက်နေ့ ၁၉၁၀ နာရီချိန်တွင် ညောင်ဦး-မြင်းခြံကားလမ်းအနီး အုန္နဲချောင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်ခဲ့ရာ အုန္နဲချောင်းကျေးရွာတွင် နေထိုင်သော ဦးသိန်းအောင် (၆၀) နှစ်သည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ။

-ဇွန်လ ၂၃ ရက်နေ့ ၂၁၁၀ နာရီချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင်နေထိုင်သော ဦးမြတ်ထူး(၅၆) နှစ်နှင့် မောင်ရဲမြင့်မိုရ်ထူး(၂၁) နှစ်သည် အကြွေးတောင်းပြီး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အကြမ်းဖက်သမား (PDF) ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်သွားခဲ့သောကြောင့် ဦးမြတ်ထူးမှာ သေဆုံးသွားခဲ့ပြီး မောင်ရဲမြင့်မိုရ်ထူးမှာ ဝမ်းဗိုက်ကျည်ဖောက်ဝင်ထွက် ဒဏ်ရာ (မစိုးရိမ်ရ) ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။