အလောင်းကို ယူလာပြီး ငွေထုတ်ဖို့ ကြိုးစားတဲ့အမျိုးသမီး ၂ ဦး

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရှိ သက်ကြီး အမျိုးသမီးနှစ်ဦးဟာ သေဆုံးပြီးသားလူတစ်ဦးရဲ့ ဘဏ်အကောင့်မှ အမေရိကန်ဒေါ်လာ ၉၀၀ (စင်ကာပူဒေါ်လာ ၁၂၀၀) ထုတ်ယူဖို့အတွက် လူသေကို ဘဏ်ကို ယူဆောင်လာခဲ့ပါတယ်။

လော်ရန်ဘီရာဖယ်ရာလို (အသက် ၅၅ နှစ်)နဲ့ ကာရန်ကတ်စ်ဘိုဟန် (အသက် ၆၃ နှစ်) တို့ဟာ ကွယ်လွန်ပြီးသား အမျိုးသားဖြစ်တဲ့ ဒေါ့လက်စ်လေမန် (အသက် ၈၀ နှစ်) ရဲ့ ဘဏ်အကောင့်ထဲကငွေကို ထုတ်ယူလိုတာကြောင့် ၎င်းရဲ့အလောင်းကို အိုဟိုင်းယိုးပြည်နယ်၊ အက်တာဘူလာမြို့ရှိ ဘဏ်ဆီကို သယ်ဆောင်ခဲ့ပါတယ်။ ငွေထုတ်ယူပြီးနောက် အမျိုးသမီးတွေဟာ အလောင်းကို အက်တာဘူလာ ကောင်တီဆေးဘက်ဆိုင်ရာစင်တာရှိ အရေးပေါ်ခန်းမှာ စွန့်ပစ်ခဲ့ပါတယ်။

မစ္စတာလေမန်ဟာ အဲဒီမတ်လ ၄ ရက် အစောပိုင်းကမှ ၎င်းရဲ့နေအိမ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။ မစ္စတာလေမန်နဲ့အတူနေထိုင်တဲ့ အဆိုပါ အမျိုးသမီးတွေဟာ အမည်မဖော်လိုသူ တတိယလူရဲ့အကူအညီနဲ့ ၎င်းရဲ့အလောင်းကို ကားပေါ်ရွှေ့ပြောင်းပြီး ဘဏ်ကို မောင်းနှင်ခဲ့ကြတာပါ။

အဆိုပါ အမျိုးသမီး ၇၂ ယောက်ဟာ အလောင်းကို ခိုးယူမှု၊ ပြင်းပြင်းထန်ထန် အလွဲသုံးစားပြုမှုတို့နဲ့ တရားစွဲဆိုခံခဲ့ ရပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အိုဟိုင်းယိုးရဲတပ်ဖွဲ့က ပြောပါတယ်။ ပြစ်မှုထင်ရှားမယ်ဆိုရင် ၎င်းတို့ဟာ စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် တစ်နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။