ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်-ပြည်လမ်း ခရေပင်လမ်းခွဲအနီး YBS 42 နဲ့ အငှားကားတို့ တိုက်မိလို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်ရပ်ကို သွားရောက်ကူညီခဲ့သည့် ပရဟိတ အသင်းသားတစ်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့ နယ်၊ခရေပင်လမ်းမပေါ်၊ ခရေပင်လမ်းခွဲမီးပွိုင့်အနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းယာဉ်တိုက်မှု ဖြစ်စဉ်အတွင်း အငှားကား ပေါ်လိုက်ပါလာသည့်၃ ဦးအနက် အသက် ၂၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးကာ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ အငှားယာဉ်မောင်း ဖြစ်သူမှာ ကားအတွင်း ညပ်နေတာကြောင့် လူမှုကူညီရေးအသင်းဖြစ်သည့် တက်နေထွန်းရှင်သန်ရေးကူညီမှုမိသားစု (TNT RESCUE) က အချိန်နှင့်တစ်ပြေးညီ လူနာအား အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ပြီး ကြယ်စင်မေတ္တာအသင်း (တညင်းကုန်း) အရေးပေါ်လူနာတင်ယာဉ်ဖြင့်မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ရန်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
“ဂျပန်နိုင်ငံမှ ဝယ်ယူထားတဲ့ DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ မနက်ဖြန်ကစပြီး ပြေးဆွဲပေးဖို စီစဉ်နေဟုဆို”
- ရှင်ယွန်း
- December 30, 2022
ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်- နေပြည်တော် ရထားခရီးစဉ်ကိုမနက်ဖြန် (ဒီဇင်ဘာ ၃၀ ရက်)မှ စတင်ကာ ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေကြောင်းမြန်မာ့မီးရထားထံက […]
ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံး
- ရှင်ယွန်း
- January 18, 2023
ဇန်နဝါရီ ၁၈ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးသွားကြောင်း သိရပါတယ်။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် […]
မြစ်ကြီးနား မြို့ရှောင်လမ်းမှာ ဆီဘောက်ဆာကား တိမ်းမှောက်
- ရှင်ယွန်း
- January 16, 2023
ဇန်နဝါရီ ၁၆ နံနက် ၁၀ နာရီခွဲခန့်က ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရွှေလမ်းမကြီး၊ မြစ်ကြီးနားမြို့ရှောင်လမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။ ယင်းဖြစ်စဉ်ကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ […]