မြစ်ကြီးနား မြို့ရှောင်လမ်းမှာ ဆီဘောက်ဆာကား တိမ်းမှောက်

ဇန်နဝါရီ ၁၆ နံနက် ၁၀ နာရီခွဲခန့်က ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရွှေလမ်းမကြီး၊ မြစ်ကြီးနားမြို့ရှောင်လမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

ယင်းဖြစ်စဉ်ကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ မီးသတ်က ပြောပါတယ်။