နယ်စပ်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေနဲ့ မှောင်ခိုများ ပစ်ခတ်မှု ဖြစ်ပွား

မြန်မာ၊ လာအိုတို့နဲ့ ထိစပ်နေတဲ့ ချင်းရိုင်ပြည်နယ် နယ်စပ် တောတောင် ထူတဲ့ ဒေသမှာ ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဇန်နဝါရီ ၁၃ရက်က ဖြစ်ပွားတဲ့ အပြန်အလှန် ပစ်ခတ်မှု အတွင်း မူးယစ်ဆေး မှောင်ခို သမား ငါးယောက်သေဆုံးပြီး မက်သာ ဖက်တမင်း ဆေးပြား ငါးသိန်း သိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးမှောင်ခို ကူးရာမှာ အဓိက လမ်းကြောင်း တစ်ခု ဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ထိုင်း နယ်စပ် တောထဲမှာ စစ်ဖက် ကင်းလှည့် အဖွဲ့က ကျောပိုးအိတ်တွေ လွယ်ထားတဲ့ မသင်္ကာ ဖွယ် လက်နက်ကိုင်ဆောင် ထားသူတွေကို တွေ့ရှိရာက နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။