အိန္ဒိယ အာကာသယာဉ် လပေါ်ကိုဆင်းသက်ပြီ

အိန္ဒိယဟာ လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာခဲ့ပါပြီ။ Chandrayaan-3 အာကာသယာဉ်ကို လရဲ့ တောင်ဝင်ရိုးစွန်းဆီ ဒီနေ့မှာ ပိုလွှတ်ခဲ့ပြီး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အိန္ဒိယကို အာကာသအတွင်း ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်နိုင်စေမှာပါ။ အရင်က အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်တို့သာ လပေါ်ကို ဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အိန္ဒိယနိုင်ငံပါဆင်းသက်နိုင်ခဲ့ပါပြီ။

Crd