ဂျပန်နိုင်ငံရှိ သင်္ချိုင်း မြေပုံတစ်ခုကို တူးဖော်ရာမှာ ၉ ပေလောက်ရှည်တဲ့ သံဓား တစ်ချောင်းတွေ့ရှိ

ဂျပန်နိုင်ငံရှိ နှစ်သက်တမ်း ၁၇၀၀ရှိ သင်္ချိုင်းမြေပုံတစ်ခုကို ရှေးဟောင်း သုတေသီတွေက တူးဖော်ရာမှာ အရှည် ၉ပေလောက်ရှိတဲ့ သံဓားတစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။

နာရာမြို့ရှိ ရှေးဟောင်း သုတေသီတွေက ကန့်လန့်ဖြတ် အရှည် ပေ ၃၆၀ လောက်ရှိတဲ့ သင်္ချိုင်းမြေပုံတစ်ခုကို တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

ရွှံ့စေးမြေအောက်မှာ မြုပ်ထားတဲ့ သတ္တုပုံစံနှစ်ခုကို သစ်သား ခေါင်းတလားတစ်ခုနဲ့ အတူ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သတ္တုပုံစံတစ်ခုဟာ ရှည်လျားပြီး သံချေးတွေ တက်နေတာကြောင့် လိမ္မော်ရောင် ဖြစ်နေသလို နောက်တစ်ခုက တိုပြီး တုံးနေတဲ့ ပုံစံ ဖြစ်တယ်လို့ သုတေသီတွေက ပြောကြားပါတယ်။

မြေပုံထဲမှာ ဂျပန် ထင်းရှူးသားနဲ့ လုပ်ထားတဲ့ ခေါင်းတလားတစ်ခုနဲ့ ဒိုင်းကာတစ်ခု အရွယ် ကြေးမုံပြင် တစ်ခုကိုလည်း ရှာတွေ့ခဲ့ပါတယ်။

၂ ဒသမ ၅ ပေရှည်တဲ့ ကြေးမုံမှန်ရဲ့ အလယ်မှာ ရှေးအက္ခရာတွေလိုမျိုး ပုံဖော်ထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။