အမေရိကန်၏ အစ္စရေးအားထောက်ခံမှုကိုပြရန် ကန်နိုင်ငံခြားရေးဝန်ကြီးအစ္စရေးသို့သွားရောက်ခဲ့

ဟားမတ်စ်စစ်သွေးကြွများ၏တိုက်ခိုက်မှု‌ကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပိုဆိုးရွားသော စစ်ပွဲဖြစ်ပွားခြင်းမှကာကွယ်ရန်နှင့် အစ္စရေးအားထောက်ခံကြောင်းပြရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် အောက်တိုဘာ ၁၁ ရက်က အစ္စရေးနိုင်ငံသို့သွားရောက်ခဲ့ကြောင်းသိရသည်။

ဝါရှင်တန်၏အရင်းနှီးဆုံး အရှေ့အလယ်ပိုင်းမဟာမိတ်နှင့် စည်းလုံးညီညွတ်မှုကိုပြသရာတွင်ဘလင်ကန်သည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအပါအဝင် အကြီးတန်းအရာရှိများနှင့်တွေ့ဆုံကာ စစ်ရေးအရပံ့ပိုးကူညီမှုအား ပိုမိုမြှင့်တင်ခဲ့ပါတယ်။