ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန် COVID-19 ကူးစက်ခံရ

အင်ဒိုနီးရှားနိုင်ငံ၌ G – 20 ထိပ်သီးအစည်းအဝေးတက်ရောက်နေစဉ်အတွင်း မိမိကို COVID-19 ကူးစက်ခံထားရသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲအနေဖြင့် နိုင်ငံသိုပြန်လာမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

ဝန်ကြီးချုပ်သည် အင်ဒိုသို့ မထွက်ခွာမီနေ့တိုင်း ကိုဗစ်စစ်ခဲ့ကြောင်းနှင့် မထွက်ခွာမီက ကိုဗစ်ကင်းစင်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒို၌ ရှိနေစဉ်လည်း နေ့စဉ် ကိုဗစ်စစ်ဆေးနေရာမှ ယခုကဲ့သို ကိုဗစ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုရေးသားထားပါသည်။