မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များလှပဖူးပွင့်စေသောနည်းများ

ဓာတုပစ္စည်းများ အသုံးပြုမှုများပြားလာသည်နှင့်အမျှ လူကိုအန္တရာယ်ဖြစ်စေမှုကလည်း မြင့်တက်လာပါတယ်။
ဒါကြောင့် ဓာတုပစ္စည်းအသုံးမပြုဘဲ သဘာဝနည်းနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြေသြဇာအဖြစ် အစားထိုး အသုံးပြုပြီး
အပင်တွေရှင်သန်လှပဖူးပွင့်အောင် လုပ်လို့ရတဲ့နည်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင်။
(၁) ကြက်ဥခွံ
နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန့်ဖြစ်အောင် ထောင်းခြင်း၊ ကြိတ်ခြင်းပြုလုပ်ပြီး အပင်ခြေရင်းတွင် ပုံပေးနိုင်ပါတယ်။ Calcium ပမာဏများများ ပါဝင်ခြင်းက ပန်းပင်များကို အပွင့်ပွင့်စေရန် အထောက်အကူ ဖြစ်စေပါတယ်။
(၂) ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် ၃ ရက်ခန့်စိမ်ပါ။ ၄ရက်မြောက်နေ့မှာ အရည်စစ်ထုတ်ပြီး ၎င်းအရည်ကို အပင်လောင်းပေးပါက
အပင်အတွက် လိုအပ်သော အဟာရများစွာရရှိစေပါတယ်။
(၃) ငှက်ပျောခွံ
ငှက်ပျောခွံကို ၂၄နာရီ ရေစိမ်ပြီး ရလာသောအရည်ကို အပင်ခြေမှာ လောင်းခြင်း၊ အခြောက်လှမ်းပြီး ရလာသောအခွံများကို
အမှုန့်ဖြစ်အောင်လုပ်ခြင်းဖြင့် အပင်များကို ကျွေးနိုင်ပါတယ်။ အပင်၊ အပွင့်၊ အမြစ်အထိ အားရှိစေပြီး အပင်ရောဂါဒဏ် ခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်။
(၄) နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော ကယ်လ်ဆီယမ် ပါသည့်အတွက် ရေနှင့်ရောပြီး အပင်ကို လောင်းနိုင်ပါတယ်။
နွားနို့မှ အချဉ်ပေါက်လာသော အကျိုးပြု ဘက်တီးရီးယားများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိုင်ပါတယ်။
(၅) ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကို ရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ် ပါဝင်သည့်အတွက် အပင်များကို
လောင်းပေးခြင်းဖြင့် အပင်သန်ခြင်း၊ အပွင့်ပွင့်ခြင်း ဖြစ်စေပါတယ်။
(၆) သကြား
သကြားတစ်ဇွန်းနှင့် ရေတစ်ခွက်ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင်နှင့် အပွင့်များကို အားရှိစေပါတယ်။
(၇) ရှောက်သီး၊ သံပရိုသီးအခွံ
ရှောက်သီး၊ သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားပါက အဖျက်ပိုးရန်မှ ကာကွယ်ပေးနိုင်ပါတယ်။
(၈) ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကိုရောပြီး ရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ကိုဖြန်းပါက
ဖြုတ်စိမ်း၊ ပျပိုး၊ ပင့်ကူများကို သေစေနိုင်ပါတယ်။
(၉) အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ကိုဖြန်းပါက အပင်ရောဂါများ၊ မှိုများမကျအောင် ကာကွယ်နိုင်ပြီး
အပင်ကို ကိုယ်ခံအားကောင်းအောင် လုပ်ပေးနိုင်ပါတယ်။
(၁၀) တမာဆီ
တမာဆီတစ်ဆနှင့် ရေဆယ်ဆ ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း၊ ပျပိုးနှင့် ပင့်ကူများကို သေစေပါတယ်။
(၁၁) ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့် ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါတယ်။
(၁၂) ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက အဖျက်ပိုးများ မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
(၁၃) ပြာ
ပြာကိုရေဖျော်ပြီး အပင်ကိုလောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါတယ်။
(၁၄) Vitamin B1 ဆေး
အပင်အတွက် သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသလို Vitamin B1 ဆေးခဲများကိုလည်း ရေနဲ့ရောစပ်ပြီး အပင်ကို လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါတယ်။ အိုးပြောင်းထားသည့်အပင်များ၊ ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေပါတယ်။