ပြင်ဦးလွင်မြို့ကထွက်တဲ့ Hass အမျိုးအစား ထောပတ်သီးတွေ Global GAP လက်မှတ်ရရှိဖို့ လုပ်ဆောင်နေ

ပြင်ဦးလွင်မြို့ကထောပတ်သီး Hass အမျိုးအစားတွေကို ဥရောပသမဂ္ဂအပါအဝင် ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့ အရည်အသွေးစစ်ဆေးချက်ထောက်ခံနိုင်မယ့် Global GAP လက်မှတ်ရရှိရန် နမူနာအသီးများပေးပို့ကာ ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။

မြန်မာ့ထောပတ်သီးကို ထုတ်ကုန်အသွင်သစ်တမျိုးနဲ့ ဈေးကွက်အတွင်း ထိုးဖောက်နိုင်ဖို့ ကြိုးစားနေရာမှာ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများစနစ် (Global GAP) လက်မှတ်ရရှိရန် ဆောင်ရွက်မှုတစ်ခုကို မြန်မာပြည်က ထောပတ်သီးများ နမူနာပေးပို့ကာ ဓာတ်ခွဲအစစ်ဆေးခံပြီး ကြိုးစားလုပ်ဆောင်နေတာလို့ ဆိုပါတယ်။