ဂျပ်စတင် ဘီဘာက သီချင်းတွေရဲ့ မူပိုင်ခွင့်တွေကို ကန်ဒေါ်လာ သန်း၂၀၀နဲ့ရောင်းချ

၂၁ရာစုရဲ့ ရောင်းအား အကောင်းဆုံး အနုပညာရှင်တွေထဲက တစ်ယောက် ဖြစ်တဲ့ ဂျပ်စတင် ဘီဘာက သူ့သီချင်းတွေရဲ့ မူပိုင်ခွင့်ဆိုင်ရာ သူ့ရဲ့ ရှယ်ယာကို Hipgnosis Songs Capital ကုမ္ပဏီကို ကန်ဒေါ်လာ သန်း ၂၀၀နဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။

အခုအချိန်မှာ အဲ့ဒီ ကုမ္ပဏီဟာ ပေါ့ပ်ဂီတ ကြယ်ပွင့် ဂျပ်စတင် ဘီဘာရဲ့ “Baby”နဲ့ “Sorry”သီချင်းတို့ အပါအဝင် မကြာသေးခင်က ပေါက်သီချင်းတွေရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။