ကျူးလစ်ပန်းပင် စိုက်ကြမလား

ကျူးလစ်ပန်း စိုက်နည်း🌷💐
(Tulip Flower)

မျိုးရင်း – တူရကီ(Turkey)
ပန်းပွင့်ချိန် – ဆောင်းနှောင်း နှင့် နွေဦး
အပင်အမြင့်- 4″ မှ 30″
စိုက်ပျိုးရန်သင့်သောဒေသ –
Zone 7 to 8 and higher
စိုက်ပျိုးရန်သင့်သောအပူချိန်-
40_45 F,0C -20C

ကျူးလစ်ပန်းစိုက်ပျိုးရန် အဓိကလိုအပ်သောအခြေအနေ

1️⃣အလင်းရောင် ကောင်းစွာရရန်လိုအပ်ပါသည်။( မနက်ခင်းနေအပြည့်အဝ)
2️⃣မြေ ရေမဝပ်သော ရေစီးရေလာကောင်းမွန်သော pH level 6 မှ 7 ကြားရှိသောမြေတွင်စိုက်ပျိုးဖြစ်ထွန်းသည်။(သဲမြေ နှင့် ရွံစေးမြေ ကိုရော၍စိုက်ပျိုးပါ)
3️⃣ဥ/ ပျိုးပင် တစ်ပင်နှင့်တစ်ပင် 4″ မှ 6″ ခြားစိုက်ပါ။
4️⃣မျိုးဥ ကို မြေတွင် 6လက်မခန့်မြေမြုပ်၍စိုက်ပျိုးကြသည်။
5️⃣ရာသီဥတုပူပြင်းပါက အိုး/စိုက်ဘောင်အောက်ခြေတွင် ကျောက်စရစ်ခဲများ စုပုံပြီး သဲအနည်းငယ်ခင်းပါ ၎င်း အပေါ်မှ စပ်မြေခံပြီးစိုက်ပျိုးပါ။ အပေါ်ယံမှ အစိုဓါတ်နှင့် အပူချိန်ထိန်းရန် ပလပ်စတစ်အစို(mulch), အုန်းဆံမှုန့် သစ်ရွက်ခြောက် ကောက်ရိုး စပါးခွံတို့ကို ဖြန့်ခင်းပါ။
6️⃣အပင်မပေါက်မှီအချိန်ထိ မြေတွင်း အေး၍ခြောက်သွေ့နေစေယုံဖြင့်လုံလောက်ပြီး စိုထိုင်းဆ(moisture level) မှာ 60 ထက်မကျော်ရပါ။ ရေကို လိုအပ်မှသာ ၃ ရက် ၄ ရက်ခြား အပေါ်ယံပါးပါးဖြန်းပါ။
🔻စိုထိုင်းဆများပါကမျိုးဥပုတ်လွယ်သည်။

မှတ်ချက်- အပင်ဖြောင့်တန်းစွာပေါက်၍ တစ်ပွင့်တည်းသာပွင့်သောပန်းဖြစ်သည်။ အပင်သန်ပြီးမြင့်ပါက တိုင်ထောင်ပေးရန်လိုအပ်ပါသည်။
မျိုးဥ မြေမချမှီနှင့် မြေချပြီးလျှင် ရေဝအောင်လောင်းပြီးပါက ဥမှအတက်ထွက်သည်အထိ ရေမလောင်းရပါ။ အပူချိန်ပြင်းပါက ရေအစိုဓါတ်ထိန်းသိမ်းရန် ဂရုပြုပါ။
အပွင့်ညှပ်ပြီး မျိုးဥ ကို မြေခြောက်သည်အထိထားပြီးမှဖော်ပါ မျိုးဥအားအေး၍ခြောက်သွေ့သော နေရောင်တိုက်ရိုက်မကျသောနေရာတွင်သိမ်းဆည်းပါ။

🍀မြေတွင်း မြေသြဇာကြွေးခြင်းကို ဆောင်းနှင့် နွေဦးတို့တွင်ပြုလုပ်ပါ။
မျိုးဥဘောင်ကို အပေါ်မှ မြက်ခြောက်/ကောင်ရိုး တို့ဖြင့်ဖုံးအုပ်ပြီး မြေအစိုဓါတ်ကို ထိန်းသိမ်းပါ။
ဖြတ်ပန်းမညှပ်သောပန်းအပင်မှ အရွက်များမခြွေပဲ အပင်ခြောက်သည် အထိထားပြီးမှ မျိုးဥကို ဖော်ယူပါ။
*** ကျူးလစ်ပန်း ကိုသဘာဝ ရာသီအလိုက်စိုက်ပျိုးမည်ဆိုပါက စက်တင်ဘာလ မှ နိုဝင်ဘာလ အတွင်း စိုက်ပျိုးနိူင်ပြီး အပူခန်းနည်းပညာဖြင့် ရာသီမရွေးစိုက်ပျိုးနိူင်ပါသည်။မစိုက်ပျိုးမှီ ရေခဲသေတ္တာ(ရေမခဲသောအခန်း)cooler အအေးခန်း အတွင်း ၆ ပတ်မှ ၈ပတ်ကြာသိမ်းဆည်းပြီးမှ စိုက်ပျိုးပါ ***

🍂ကျူးလစ်ပန်း တွင်ကျရောက်တတ်သော ရောဂါနှင့်ဖျက်ပိုးများ###
-မှိုရောဂါ – ဥဆွေးပုတ်ရောဂါ
-ပက်ကျိ ခရု သစ်စိမ်းပိုး ပျပိုး သံလုံးပိုးခေါ်(နီမတုတ်ပိုး) နှင့် ကြွက် ရှဉ့်ညို ယုန် တို့ကဲ့သို့သော မြေတွင်းအောင်းသတ္တဝါငယ်များသည် ကျူးလစ်ဥကို ကြိုက်နှစ်သက်စားသုံးကြသည်။

Source from internet.
Crd to original Uploader TrendyOrchidWorld