ကြောက်မက်ဖွယ်ပရိတ်သတ်အရေအတွက် တက်ရောက်မယ့် ရော်နယ်ဒိုရဲ့ မိတ်ဆက်ပွဲအခမ်းအနား

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကိုရောက်ရှိနေခဲ့ပြီဖြစ်ပြီး ယခုအပတ်မှာ အသင်းနဲ့ အတူလေ့ကျင့်ရေး စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့အပတ်မှာ ဆော်ဒီအာရေဗျအသင်းနဲ့ ကြီးမားတဲ့ငွေကြေးပမာဏနဲ့အတူ ၂ နှစ်ခွဲစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ယနေ့ Aka King Saud တက္ကသိုလ်ကွင်းမှာ ပရိတ်သတ်ပေါင်း ၉၀၀၀၀ အထိရှိနေမှာဖြဟ်တယ်လို့ ဖာရစ်ရှ် အယ်လ်ဟာလိုက Cope ကိုပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လိဒိုကို ယနေ့ည ၇ နာရီမှာ ထုတ်ဖော်မိတ်ဆက်သွားမှာဖြစ်ပြီး ဒီအခမ်းအနားကို ဆော်ဒီအားကစားကုမ္ပဏီက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ အယ်လ်နက်ဆာ ဥက္ကဌမူဆယ်လီ အယ်လ်-မူအမ်မာနဲ့ နည်းပြ ရူဒီဂါစီယာတို့က မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်သွားမယ်လို့မျှော်လင့်ရပြီး ရော်နယ်လ်ဒိုဟာ ချစ်သူဖြစ်သူဂျော်ဂျီနာ ရိုဒရီဂွက်ဇ်၊ ၎င်းတို့ရြ့ သားသမီးတွေနဲ့တက်ရောက်သွားမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာအသင်းမှာ တစ်ရာသီကို ယူရိုသန်း ၂၀၀ ရရှိမယ့် စာချုပ်ကိုသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးဂျာလိုလစ်ဒင် မာရှာရီပေါ့ဗ်က ပေါ်တူဂီကြယ်ပွင့် ဝတ်ဆင်ဖို့အတွက် ကျောနံပါတ် ၇ ကိုစွန့်လွှတ်ပေးဖို့ ဆုံးဖြတ်ပြီးနောက် ကျောနံပါတ် ၇၇ ကိုရယူခဲ့တာဖြစ်ပါတယ်။