မုံရွာမြို့နယ်၊ ထန်းလေးပင်တိုက်ပွဲအတွင်း အကြမ်းဖက်အလောင်းများနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က လုံခြုံရေးတပ်/ပြည်သူ့စစ်အဖွဲ့များပူးပေါင်းအဖွဲ့သည်
မုံရွာ မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ထန်းလေးပင်ရွာ အနောက်မြောက်ဘက်တွင်
အကြမ်းဖက်သူ ၅၀ ဦးခန့်က လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်သောကြောင့်
ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ရာ –
(၁) အကြမ်းဖက်သူ (၈)လောင်း။
(၂) M-22 (၄)လက်။
(၃) လက်လုပ်သေနတ် (၃)လက်။
(၄) လက်လုပ်စိန်ပြောင်း (၃)လက်။
(၅) ကျည် (၁၀၀)တောင့်၊ ကျည်အိမ် (၃)ခု။
(၆) ဗုံးသီး (၄)လုံး
သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲ့မှ (၁) ဦးကျဆုံးပြီး
(၁) ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်ရှင်။