နိုဝင်ဘာ ၂၀၊ ၂၀၂၂မှာ ကျင်းပမည့် FIFA ကမ္ဘာ့ဖလားအကြောင်း တစေ့တစောင်း

နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာဆိုရင် ကာတာ နိုင်ငံ၊ Lusail အားကစားရုံကြီးမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ပွဲဖြစ်ပြီး
လူအယောက်ပေါင်း ၈၀,၀၀၀အထိ ဝင်ဆံ့မှာဖြစ်ပါတယ်။ ပထမဆုံး ပွဲစဉ်ကို GMT အချိန် ညနေ ၄နာရီ (အရှေ့ တိုင်းအချိန် မနက် ၁၁နာရီ) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး
အဖွင့်ပွဲစဉ်အနေနဲ့ အုပ်စု (အေ) မှာပါဝင်တဲ့ အိမ်ရှင် ကာတာအသင်းဟာ အီကွေဒေါအသင်းနဲ့ စတင်ကစားသွားမှာ ဖြစ်ပါတယ်။
FIFA မှ အသင်းတစ်သင်းလျင် ပွဲစဉ်ကစားနေချိန်အတွင်း ကစားသမား ၅ယောက်အထိ အစားထိုးနိုင်ပြီး၊ အရံခုံတွင် ကစားသမား ၁၅ယောက်အထိ
တိုးမြှင့်ထားရှိ သွားနိုင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်ကို ဒီဇင်ဘာ ၁၈ အထိ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး စံချိန်၊
စံနှုန်းနဲ့အညီ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။