ဉပဒေဘောင်အတွင်းဝင်ရောက်လာသည့်ာ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် ဉပဒေဘောင်အတွင်း ဝင်ရောက်လာသော ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင် ခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။

ဉပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ရှမ်း ပြည် နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး တို့အား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ဉပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။ အမြင်မှန်ကို သိပြီးအလင်းကိုဝင်ရောက်လာတဲ့ သူတိုင်းကို နိုင်ငံတော်အစိုးရက နွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်။