KTLA နယ်ဒါးမြ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များ တပ်စွန့်ထွက်ပြေးနေရပြီး ၎င်းတို့၏ လက်နက်များအား သိမ်းဆည်းရမိ

     ကော်သူးလေအာမီ အမည်ခံထားသည့် KTLA လက်အောက်ခံ အကြမ်းဖက် Lion Batallion သည်တပ်မတော်နှင့် နယ်ခြားစောင့်(BGF)တပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်ပျက်ပြီး ခေါင်းဆောင် စောအယ်စေးဝါး(လက်ပြတ်) အပါအဝင် ထိပ်တန်းခေါင်းဆောင်များ သင်္ကြန်မတိုင်မီကတည်း တပ်စွန့်ထွက်ပြေးနေရကြောင်း သိရှိရပါသည်။

        ယမန်နေ့ မနက်ပိုင်းအထိ တပ်မတော်နှင့် BGF တပ်ဖွဲ့ဝင်များ၏ တရစပ် ထိုးစစ်ဆင်မှုအား မခံနိုင်၍ လက်နက်များ သိုဝှက်ထားပြီး ကိုယ် လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြကြောင်းနှင့် KTLA လက်အောက်ခံတပ်များ သိုဝှက်ထားသော လက် နက်သိုလှောင်ရာ ၂ နေရာအား တပ်မတော်နှင့် BGF တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ရှင်းလင်းရာ မြဝတီဒေသ ရေကျော်စခန်းအပိုင်နေရာမှ လက်လုပ် ၄၀ မမဗုံးပစ်လောင်ချာ – ၂၂ လက်၊အမ် -၁၆ – ၁ လက်၊ AR သေနတ်အရှည် – ၂ လက်၊ AR သေနတ်အတို – ၂ လက်၊ပေါင်း ၂၇ လက် နှင့်..သက္ကာရစခန်းအပိုင်နေရာမှ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာ ၄၅ လက် စုစုပေါင်း ၇၂ လက်အား သိမ်းဆည်းရရှိခဲ့ပါသည်။

          KTLA လက်အောက်ခံတပ်ဖွဲ့များသည် တပ်မတော်နှင့် BGF တပ်များ၏ ပူးပေါင်းတိုက် ခိုက်မှုကြောင့် လက်နက်စွန့်၊ တပ်ပျက်၍ စခန်းစွန့်ခွာထွက်ပြေးနေရသည်မှာ ၃ ကြိမ်အထိရှိခဲ့ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KTLA ထံမှ ဆက်စပ်ပစ္စည်းများမပါသေးပဲ လက်နက်သီးသန့် ပထမအကြိမ် လက်နက် ၅၅ လက်၊ ဒုတိယအကြိမ် လက်နက် ၈၀ လက်နှင့် ယခုတစ်ကြိမ်တွင် ၇၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။