ဧပြီလ (၂၁)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

အင်္ဂလန်နိုင်ငံ၏ TV Channel 4 ရုပ်သံလိုင်းမှ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်PDF များ၏ လှုပ်ရှားမှုများအား ရိုက်ကူးတင်ပြ။

မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာအနီး အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

ဝက်လက်မြို့နယ် ပင်ဇင်းကျေးရွာအနီး အကြမ်းဖက် PDF များနှင့် ပစ်ခတ်မှုဖြစ်ပွား။

ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။

မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဘုန်းကြီးကျောင်းများအား PDF အကြမ်းဖက်များမှ Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်ခဲ့။

သန်လျင်မြို့နယ် ၊အောင်ချမ်းသာရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်း၌ ကွမ်းယာရောင်းချသူအား PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်။

အင်ဒိုနီးရှားက မြန်မာနိုင်ငံမှ ပုံမှန်ဝယ်ယူနေသည့်ဆန်ပမာဏထက် တန်ချိန်ပိုမိုဝယ်ယူမည်။

ပင်လယ်ပြင်တွင် ဝါးဖောင်ဖြင့် မျောပါနေသော မြန်မာနိုင်ငံသားသုံးဦးကို အင်ဒိုနီးရှား အာဏာပိုင်များ ကယ်တင်။

နေ့အပူချိန်များ မြင့်တက်နိုင်ပြီး တစ်ပြည်လုံးတွင် လက်ရှိအပူချိန်ထက် နှစ်ဒီဂရီခန့် ထပ်တိုးနိုင်ကြောင်း မိုးဇလတာဝန်ရှိသူ ပြောကြား။

ရေတာရှည်မြို့နယ် ကိုးပင်-သာဂရလမ်းတွင် သစ်ကားတစ်စီးအား PDF အဖွဲ့က ပစ်ခတ်တားဆီးရာ အပြစ်မဲ့ပြည်သူမိသားစု ၅ဦး ထိခိုက်ဒဏ်ရာရ။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အကြမ်းဖက်များက သတ်ဖြတ်မှုဖြစ်ပွား။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့အရှေ့ အေးသာယာရွာအနီး လခရစစ်ကြောင်းအား KNU/PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်။

မကွေးတိုင်း ထီးလင်းမြို့အနောက်ဘက် အကြမ်းဖက်PDF အခြေပြုနေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ၂ဦးအား PDF များမှ သတ်ဖြတ်ပြီး ဆွေမျိုးတော်စပ်သူ၂ဦးအား ဖမ်းဆီးခေါ်ဆောင်သွား။

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီးမြို့၌ PDF အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း (၇)ဦး အလင်းဝင်ရောက်။

မကွေးတိုင်း ရေစကြိုမြို့ စည်ပင်သာယာဌာနပိုင် အမှိုက်ကားအား PDF အကြမ်းဖက်များမှ လုယက်ယူဆောင်သွား။

လွိုင်ကော်မြို့အထွက် နွားလဝိုးတောင်စခန်းအနီး ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိနေကြောင်း။

ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် PDF များ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရ။

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူး ကျေးလက် ဆေးခန်းရှိ လခရအဖွဲ့အား အကြမ်းဖက်အဖွဲ့မှ လာရောက်ပစ်ခတ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ရွှေရည်သိန်းတန်နှင့် မေပန်ချီတို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ။

စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် PDF အကြမ်းဖက်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာအနီးတွင် PDF အကြမ်းဖက်များ၏ လက်လုပ်မိုင်းများ ဖော်ထုတ်ရှင်းလင်း။

စစ်ကိုင်းတိုင်း ကလေးမြို့ မြို့သာရပ်ကွက်တွင် PDF များနှင့် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိ။

City Taxi အဖြစ် မှတ်ပုံလာတင်သည့် တက္ကစီ အစီးရေ ၂၀၀၀၀ကျော်ရှိလာပြီဟု YRTC ပြောကြား။

ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများနှင့် တရားခံ ၃ ဦး ဖမ်းဆီးရမိ။

၂၀၂၂/၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းများကို ၂၇-၄-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်သွားမည်။

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပြည်သူစစ်ရွာအား အကြမ်းဖက် PDF များမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းအား PDF များမှ ပစ်ခတ်။

ကမ္ဘောဒီးယားတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင် ရန်ကုန်တွင် လက်ဆင့်ကမ်းသယ်ဆောင်။

နိုင်ငံတကာသတင်းများ

🌍 ရုရှားနဲ့ တရုတ်အတွက် ဝါဒဖြန့်ပေးနေတဲ့ ကြက်တူရွေးလို ဘရာဇီးလ်ကို ဝါရှင်တန် ပြောဆို။

🌍 မဟာဗျူဟာမြောက်ဒရုန်းအသစ် အစင်း ၂၀၀ ကျော် အီရန်ကြည်းတပ် လက်ခံရရှိ။

🌍 ရုရှားနိုင်ငံ Belgorodမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း။