သက်သတ်လွတ် မျှစ်သုတ်လေးသုပ်စားကြမယ်

-ခုလို မိုးရာသီမှာ မျှစ်ချို နုလေးတွေထွက်ပါတယ်။
တစ်နှစ်ပတ်လုံးစားနေရတဲ့မျှစ်တွေက
ခုထွက်တဲ့မျှစ်တွေကို စဉ့်ရာ၀င်အိုးကြီးတွေမှာ
ဆားစိမ်ထားတဲ့မျှစ်တွေမို့
ဆားသင့်ရုံဆို မသိသာလှပေမဲ့
ဆားများတဲ့မျှစ်ဆိုရင်တော့
မျှစ်ဟင်းဆိုရင် ဆားထည့်စရာတောင်မလိုလှပါဘူး။
-မိုးရာသီထွက် မျှစ် လတ်လတ်ဆတ်ဆတ်က
နုနုလေးတွေနဲ့ ချို တာမို့
သုတ်စားလို့ အကောင်းဆုံးပါ။
-မျှစ်ကို ရေစင်စင်ဆေးပြီး ရေထည့်လို့ဆူပွက်အောင်တည်ပါ။
ဆူရင် ချပြီး အအေးခံ ၊ ရေညှစ်ထားပါ။
ကြက်သွန်နီကိုပါးပါးလှီးပြီး
အချို့ကို ရေဆေးပြီးစစ်ထားပါ။
အချို့ကို ဆီချက်ချက်ထားပါ။
-မျှစ်ထဲကို ကြက်သွန်နီစိမ်း၊ငရုတ်သီးစိမ်း၊နံနံပင်၊
မြေပဲလှော်ထောင်း၊ဆီချက်၊ဆီချက်ဖတ်၊ဆားနဲ့
အချိုမှုန့်နည်းနည်းထည့်ပြီး သံပုရာသီးညှစ်ထည့်ပါ ။
ပြီးတဲ့အခါ သမအောင်နယ်ရင် သက်သတ်လွတ်မျှစ်သုတ်ရပါပြီ။
-ဒီတစ်ခါတော့ မျှစ်သုတ်ကို အရောင်လေးနဲ့စားချင်တာမို့
ဆီချက်အဝါအစား ဟင်းချက်ဖို့ငရုတ်သီးဆီသတ်တဲ့အထဲက
ဆီအနီရောင်လေး ကျော့ခပ်ပြီးသုတ်ထားပါတယ်။