အကြမ်းဖက် PDF/KNDO အဖွဲ့များမှ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ဧပြီလ ၁၉ ရက်နေ့ ၀၉၃၀ အချိန်တွင် ထဝမန၊ ပကာရီ ကျေးရွာအုပ်စု၊ သရက်ငုတ်ကျေးရွာအနီး မမစ(ထဝ)၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာတွင် မော်တော်ယာဉ်(၁)စီးအား အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသမီး(၁)ဦး သေဆုံးသွားကြောင်းသိရှိရပါတယ်။ သေဆုံးသူမှာ မသဲနုရွှေစင်၊ ၁၅ နှစ်၊ (ဘ)ဦးသက်ဇော်ထွဋ်၊ မပတ(မရှိ)၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊ တောင်ရှည်ကျေးရွာ၊ မြိတ်မနနေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် အဖွားဖြစ်သူ ဒေါ်ခင်ပြုံးမြင့်၊ ၆၅ နှစ်ခန့်၊ နှင့်အတူ ယာဉ်မောင်း ထွန်းမောင်၊ ၃၉ နှစ်၊ (ဘ)ဦးစံမြင့် ၊ မပတရှိ (မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ဥယျာဉ်ခြံလုပ်၊ တောင်သုံးလုံးကျေးရွာ၊ ထဝမနနေသူ မောင်းနှင်သည့် ယာဉ်အမှတ် MDY 1K/1601 နံပါတ်ပါ hondafit အမျိုးအစား မိုးပြာရောင်မော်တော်ယဉ်အား အကြမ်းဖက် PDF/ KNDO အဖွဲ့ ခေါင်းဆောင် အောင်အောင် ဦးစီးအဖွဲ့မှ ယာဉ်အား ရပ်တန့်ခိုင်းရာ ယာဉ်မောင်း ထွန်းမောင်မှ မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက် PDF/ KNDO အဖွဲ့မှ ကားအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ မသဲနုရွှေစင်တွင် ယာဘက်ဂျိုင်းအောက် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်ရရှိပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။