ကြယ်မိုးရွာခြင်းကို မြန်မာကနေ ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှာ မြင်တွေ့ရနိုင်

ကြယ်မိုးရွာခြင်းကို မြန်မာနိုင်ငံကနေ ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှာ မြင်တွေ့ရနိုင်တယ်လို နာဆာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြယ်မိုးရွာခြင်း (သို) (Lyrid Meteor Shower)ဖြစ်စဉ်ကို တစ်ကမ္ဘာလုံး နီးပါး က မြင်တွေ့ရမှာဖြစ်ပြီး ဧပြီ ၁၄ရက် က နေ ၃၀ ရက်အတွင်း မြင်တွေ့ရမှာဖြစ်တယ်လိုလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန် မတိုင်ခင် မြင်တွေ့နိုင်မယ်လို သတင်းမျာ ဖော်ပြထားပြီး ကြယ်မိုးရွာတာကို အများဆုံးတွေ့မြင်နိုင်မှာကတော့ တစ်နာရီမှာ ကြယ်၁၈ လုံးနှင့်အထက်အထိ မြင်တွေ့နိုင်မှာဖြစ်တယ်လိုလည်း ဆိုပါတယ်။

ကြယ်မိုးရွာတာကို ကြည့်မယ်ဆိုရင်တော့မြိုပြမီးရောင်များ၊လမ်းမီးများနှင့် ဝေးကွာသော နေရာကိုရှာပါလို နာဆာကအကြံပြုထားပါတယ်။