နတ်ဝှက်သစ်ပင်(သို့မဟုတ်)သိဒ္ဓိဝင်ကျွန်းနက်အကြောင်း

ကျွန်းနက်ဖြစ်စေ ကျွန်းနက်အဆောင်ဖြစ်စေ ကျွန်းနက်ပုတီးဖြစ်စေ စစ်မစစ် စမ်းသပ်လိုပါက ကျွန်းနက်အသားကို မီးရှို့ပြီးစပ်သပ်နိုင်ပါတယ်။ မီးရှို့လိုက်ပါက ကျွန်းနက်အစစ်ရဲ့ ပြာအရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့် အရောင်မျိုးကို ရရှိပါတယ်။
ပြာက ဝါဖန့်ဖန့် ရွှေအိုရောင် ဖြစ်တိုင်းလည်း မစစ်သေးပါဘူး။
ထိုပြာဟာ သံလိုက်တုံးကို ပြေးပြီးကပ်နေမှ အရည်အသွေး ကောင်းမွန်သော ကျွန်းနက်သား စစ်စစ်ဖြစ်ပါတယ်။
ကျွန်းနက်နှင့်အရောင်အဆင်းတူသော်လည်း ပြာမှာ ရွှေရောင်မဖြစ်သော သံလိုက်မဆွဲသော
အသားများကတော့-
(၁) သစ်ကနက်
(၂) ယင်းတိုက်
(၃) တည်(တယ်)အသားတို့ဖြစ်ပါတယ်။
ကျွန်းနက်သည် တနင်္လာနံနှင့်စနေနံပေါင်းထားသည့်အတွက် ၂၇ +ပေါင်းခြင်း ၉ ဖြစ်ပါတယ်။ ၂၇ သည် ငွေနဝင်းဓာတ်ဖြစ်ပါတယ်။
ကျွန်းနက်ဟာ များသောအားဖြင့် ရေပေါ်ရေအောက်ထဲက ရတက်သော ကျွန်းပင်တမျိုးဖြစ်ပါတယ်။
ရေထဲမှာနှစ်ပေါင်းကာလကြာမြင့်စွာ နစ်မြုပ်နေရင်း သဘာဝအလျောက် ဓာတ်ပြောင်းပြီး မည်းနက်သွားခြင်းဖြစ်ပါတယ်။
အလွန်ရှားပါးပြီး အစွမ်းထက်မြက်ပြီး သိဒ္ဓိရှိစေပါတယ်။ အိမ်တွင် ကျောင်းတွင် ထုလုပ်ကိုးကွယ်ပူဇော်ပါက လိုရာဆုတောင်းပြည့်စေပါတယ်။ ဘုရားထုလုပ် ကိုးကွယ်ပူဇော်မည်ဆိုပါက အိမ်စီးပွားတက်ဖို့ ဇဗ္ဗုပတိဘုရား၊ မဟာမုနိဘုရား၊ ဒက္ခိဏသာခါဘုရား၊
စက်ရုံ အလုပ်ရုံ စျေးဆိုင်များတွင် ပူဇော်ကိုးကွယ်မည်ဆိုပါက လာဘမုနိ ဒါ့အပြင် ရှင်သီဝလိရဟန္တာမြတ်အဖြစ် ထုလုပ်ပူဇော်ကြပါတယ်။
ကျွန်းအပိုင်းစလေး တွေကို နေ့စဉ်သောက်နေတဲ့ ရေအိုး ရေဗူးထဲတွင် စိမ်ထားပြီး သောက်မယ်ဆိုရင် အသက်ရှည်ကျန်းမာ
နုပျိုစေပါတယ်လို့ ယူဆကြပါတယ်။ ကျွန်းနက်သည် ကျွန်းဖိုပင်မှာ နှစ်ပေါင်းများစွာ
ကြာအောင် ရေပေါ်မြေအောက်မှာ နစ်မြုပ်နေရင်းကနေ ကျွန်းနက်သား ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
ကျွန်းနက်ကို ထိမ်းသိမ်းရာမှာ ခြေနင်းကြမ်းပြင် ခုတင်အောက်၊ လူအများကျော်ဖြတ်သွားလာသော
လှေခါးအောက်၊ အိမ်အပြင် ဖိနပ်ချွတ်ရာနေရာ၊ ရေချိုးခန်းအိမ်သာနား မထားရပါ မထားကောင်းပါ။
အစွမ်းသိဒ္ဓိပြယ်ကာ ဆွေးမြေ့လွယ်ပါတယ်။ ကျီးငှက် နားပါကလည်း ဂုဏ်သတ္တိပြယ်စေတယ်လို့
ဆိုပါတယ်။ ခြောက်သွေ့သန့်ရှင်းသော မြင့်မြတ်သောနေရာများတွင် ထားသိုရန် လိုအပ်ပါတယ်။