ပြည်သူများသတိပြုရန်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ဖွင့်လှစ်ချိန် အလှည့်ကျပြည်သူ့စစ်မှုထမ်းများအား မြို့ရွာ၊ ရပ်ကွက်၊ ကျေးရွာအလိုက် လူအင်အားပေါ်မူတည်ပြီး အလှည့်ကျစစ်မှုထမ်းဆောင်ကြရပါသည်။

သို့ရာတွင် အချိုသောပြည်သူများသည် မိမိအလှည့်ကျချိန်တွင် အခြားသူတစ်ဦးအား ၄င်း၏အမည်ဖြင့် ငွေကြေးများထောက်ပံ့ကာ လူစားထိုးစစ်မှုထမ်းဆောင်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လျှက်ရှိပါသည်။

ထိုသို့အစားထိုးဝင်ရောက်စစ်မှုထမ်းဆောင်စေပါက မူလအမည်ဖြင့်တာဝန်ထမ်းရမည်သူ့၏အမည်ကိုပယ်ဖျက်ပြီး လက်ရှိလာရောက်စစ်မှုထမ်းဆောင်သူ၏အမည်ဖြင့်သာ စစ်မှုထမ်းဆောင်ပြီးပါက တာဝန်ကျေလက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

မူလအလှည့်ကျမှုအား မိမိအမည်ဖြင့် အစားထိုးစေလွှတ်ခဲ့သော်လည်း တာဝန်ထမ်းပြီးကြောင်း လက်မှတ်ရမည်မဟုတ်ဘဲ ငွေကြေးများသာဆုံးရှုးလိမ့်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။