စစ်မှုထမ်းဆောင်းခြင်းဥပဒေနဲ့ပတ်သက်ပြီး ဘုလက်ရေးတဲ့စာ

စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ထွက်ပေါ်လာတဲ့ကောလာဟလမျိုးစုံကြားနေကြတာအားလုံးအသိပဲဖြစ်ပါတယ်။ အဲတော့ ဘုလက်လှဆွေကိုယ်တိုင်ရေးထားတဲ့ ကိုယ်တိုင်တွေ့ကြုံမှုလေးကိုဖော်ပြပေးလိုက်ပါတယ်။

ကျနော့်သားသမီးအရင်းတွေထဲမှာ စစ်မှုထမ်းခြင်းနဲ့အကြုံးဝင်တာ ၂ ယောက်ရှိတယ် ၊ သားအကြီး ( အထွေထွေရောဂါကု ဆရာဝန် ) ရယ် ၊ သမီးလတ် ( အစိုးရအဖွဲရုံး လက်ထောက်ညွှန်မှုး ) ရယ် ဖြစ်ပါတယ် ။
ကျနော့်သားသမီးတွေအပါအဝင် ကျနော့် ရုံးအဖွဲ့က လုပ်ဖော်ကိုင်ဘက်များ၏ စစ်မှုထမ်းခြင်းနှင့်အကြုံးဝင်သော သားသမီးအရင်း ၂၁ ဦးရဲ့အမည်စာရင်းကို တိုင်းစစ်ဌာနချုပ်က A-Colonel ထံသွားပေးတော့ လောလောဆယ် နည်းဥပဒေ မထွက်သေးလို့ မလိုအပ်သေးပါဘူး လိုပြန်ပြောပါတယ် ။
ရပ်ကွက်ထဲမှာကောက်တာကတော့ အကြုံးဝင်သူအမည်စာရင်းပါ ၊ လောလောဆယ် စစ်တပ်ထဲမှာ တပ်သားအဖြစ်အမှုထမ်းခြင်ရင် စစ်သားစုဆောင်းရေးတပ်ကိုသာ ဝင်ရမှာပါ ။
ပြည်သူ့စစ်ဆိုတာကတော့ မိမိရပ်ကွက် မိမိရွာ လုံခြုံရေးအတွက် ၂ ပါတ်သင်တန်းဆင်းပြီး လက်နက်ထုတ် ကင်းစောင့် တဲ့အဆင့်ဖြစ်ပါတယ် ။
တကယ့်စစ်မှုထမ်း မဝင်မနေရ ဥပဒေကြီးမှာ နည်းဥပဒေ မထွက်သေးလို့ ကျနော်တိုလို ဇွတ်လိုက်ခြင်လို့စာရင်းသွားပေးတာတောင် စစ်တပ်က လက်မခံသေးပါဘူး။
နည်းဥပဒေ အမြန်ဆုံးထွက်ဖို့မျှော်လင့်ပါတယ် ။
ကျန်တဲ့ ကောလဟလ တွေကတော့ နဂါးပူးတယ်ဆိုတဲ့ ဟာသ တစ်ခုလိုသာသဘောထားပါတယ်။
ပုံ
ဘုလက်