စစ်တရားရုံးများဖြင့်စစ်ဆေးစီရင်ခြင်း

——
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၃ တွင် တရားစီရင်ခြင်းနှင့် စပ်လျဉ်း၍
တရားရုံးများဖွဲ့စည်းရာတွင် စစ်ဘက်ဆိုင်ရာတရားရုံးများ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ပုဒ်မ ၃၁၉ တွင်လည်း စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၄၃ တွင် တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။

စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ခြင်းမှာ တပ်မတော်သားများ တပ်မတော်တွင်
တာဝန်ထမ်းဆောင်နေသည့် အချိန်တွင်ဖြစ်ပွားသော စစ်ဘက်ပြစ်မှု၊ နယ်ဘက်ပြစ်မှုများအပြင် တန်းပြည့်စစ်မှုထမ်းချိန်တွင် အရပ်သူ/အရပ်သားများအပေါ် ကျူးလွန်သည့် လူသတ်မှု၊ မုဒိမ်းမှုများကို စစ်ဆေးစီရင်ခြင်းတို့ပင်ဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးစီရင်ရာတွင် စစ်တရားရုံးလေးမျိုးရှိပြီး တပ်မှူးတစ်ဦးတည်းမှရုံးထိုင် စစ်ဆေးသော တပ်တွင်းစစ်တရားရုံးနှင့် ထိုထက်မြင့်သော တိုင်းစစ်တရားရုံး၊ အကျဉ်းစစ်တရားရုံးချုပ်နှင့်စစ်တရားရုံးချုပ်တို့ဖြင့် ရုံးထိုင်စစ်ဆေးခြင်းတို့ဖြစ်ပါတယ်။

စစ်တရားရုံးဖြင့်ရုံးထိုင်စစ်ဆေးရာတွင် တပ်မတော်နည်းဥပဒေ ၇၉၊ ၁၂၆ အရ
(Close Court) လျို့ဝှက်တရားခွင်တွင်ရုံးထိုင်ညွှန်ကြားသောအမှုများမှအပ
Open Court) လူသိရှင်ကြားတရားခွင်ဖြင့် ရုံးထိုင်စစ်ဆေးလျက်ရှိပါတယ်။

တပ်တွင်းစစ်တရားရုံးသည် အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်(၁)နှစ်၊ တိုင်းစစ်တရားရုံးသည် ထောင်(၂)နှစ်၊ အကျဥ်းစစ်တရားရုံးချုပ်နှင့်စစ်တရားရုံးချုပ်တို့သည် သေဒဏ် အထိချမှတ်နိုင်တာဖြစ်ပါတယ်။
****သစ္စာရှင်(ဥပဒေ)