ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေ စေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီများအား ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူ များနှင့် အလှူရှင်များ တက်ရောက်ကြပြီး ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် အလှူရှင်များထံမှ ပဉ္စမအကြိမ် လှူဒါန်းရရှိမှုမှာ ရွှေစင် ၇ ကျပ်သား၊ ရွှေစင် ၅ ကျပ် သားရှိ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်တစ်ခု၊ အလှူငွေကျပ် ၂၉၄၃၁၄၅၀၀ နှင့် အမေရိကန် ဒေါ်လာ ၁၀၀၀ တို့ရရှိခဲ့တယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- Admin
- January 17, 2024
🌸အားကျသင့်တဲ့ သူတွေပါ🌸 ဒေါသများတဲ့ပတ်၀န်းကျင်မှာမေတ္တာတရားနဲ့ နေတဲ့လူဟာတကယ်အရည်ချင်းရှိကြသူတွေပါ ။ အတိုက်ခိုက်များတဲ့ဘဝမှာသည်းခံမှုတရားနဲ့ နေနိုင်တဲ့လူဟာတကယ် တော်ကြတဲ့သူတွေပါ ။ ကဲ့ရဲ့များတဲ့လောကကြီးမှာအကောင်းမြင်စိတ်နဲ့နေတဲ့လူဟာတကယ်စိတ်ထားမြတ်သူတွေပါ ။ မနာလိုစိတ်များတဲ့ ကြားထဲမှာ၀မ်းမြောက်မှုနဲ့ နေနိုင်တဲ့လူဟာတကယ်လေးစားဖို့ ကောင်းသူပါ။ […]
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့ ရေပေးဝေရေးစီမံထားရှိမှုအား သွားရောက်စစ်ဆေး
- ရှင်ယွန်း
- March 1, 2023
ဖေဖော်ဝါရီ ၂၈ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် […]
ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့်ပညာရေးပြပွဲပြုလုပ်
- ပုည
- May 17, 2023
ရန်ကုန်မြို့တွင် ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့် ပညာရေးပြပွဲကို မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပြပွဲ ကျင်းပရေးအဖွဲ့က သိရသည်။ ပြပွဲကို […]