မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌸အားကျသင့်တဲ့ သူတွေပါ🌸

ဒေါသများတဲ့ပတ်၀န်းကျင်မှာ
မေတ္တာတရားနဲ့ နေတဲ့လူဟာ
တကယ်အရည်ချင်းရှိကြသူတွေပါ ။

အတိုက်ခိုက်များတဲ့ဘဝမှာ
သည်းခံမှုတရားနဲ့ နေနိုင်တဲ့လူဟာ
တကယ် တော်ကြတဲ့သူတွေပါ ။

ကဲ့ရဲ့များတဲ့လောကကြီးမှာ
အကောင်းမြင်စိတ်နဲ့နေတဲ့လူဟာ
တကယ်စိတ်ထားမြတ်သူတွေပါ ။

မနာလိုစိတ်များတဲ့ ကြားထဲမှာ
၀မ်းမြောက်မှုနဲ့ နေနိုင်တဲ့လူဟာ
တကယ်လေးစားဖို့ ကောင်းသူပါ။

အဆင်မပြေမှုရှိတဲ့ အနေထားမှာ
ရောင့်ရဲစိတ်နဲ့ နေနိုင်တဲ့လူဟာ
တကယ်တည်ငြိမ်တဲ့ သူတွေမို့ပါ ။

ပျက်စီးခြင်းတရား ကြုံလာတဲ့အခါ
သိပ် သောကမဖြစ်တဲ့လူတွေဟာ
တကယ်တရားရှိကြတဲ့ သူတွေမို့ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏