ကွမ်းလုံမြို့နယ်နှင့် ခန္တီးမြို့နယ်တို့၌ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာရှိ ဒေသခံပြည်သူ ၅၄ ဦးအား အဆိုပါကျေးရွာ၏ အခြေခံပညာအထက်တန်းကျောင်းခွဲ၌လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်၊ လောင်စောက်လေးကျေးရွာရှိ ဒေသခံပြည်သူ ၅၈ ဦးအား အဆိုပါကျေးရွာခန်းမ၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွစမ်းသပ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပါတယ်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်ရှင်။