CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူလျက်ရှိရာ

(၁) ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ ပမ္မတီးရပ်ကွက်နေ အောင်သူစိုးသည် ၎င်းအသုံးပြုသည့် “Aung Thu Soe” Facebook အကောင့်၊

(၂) ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်နေ သန့်ဇင်(ခ)အငယ်လေး သည် ၎င်းအသုံးပြုသည့် “Thant Zin” Facebook အကောင့်၊

(၃) ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ အောင်ကျော်မင်း(ခ)အာကာသည် ၎င်းအသုံးပြုသည့် “Arkar” Facebook အကောင့်၊

(၄) မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ သူရအောင်(ခ)သူရဲ(ခ)ဘီလူး(ခ)ငရဲသည် ၎င်းအသုံးပြု သည့် “Nga Ye” Facebook အကောင့်နှင့်

(၅) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်နေ အောင်ကျော်ညွှန့်(ခ)အောင်အောင်သည် ၎င်းအသုံးပြုသည့် “Aung Aung” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။