နောက်ဆုံးရ မနက်ခင်း အားကစားသတင်းများ

အက်စ်တွန်ဗီလာအသင်းကို အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ နည်းပြ ပေါ်တာကို ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ နယူးကာဆယ် အသင်းကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းက ၎င်းတို့ထက် ပိုမိုကောင်းမွန်ကြောင်း ပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ နာပိုလီအသင်းဟာ ၎င်းတု့ိ အိမ်ကွင်းမှာတင် အေစီမီလန် အသင်းကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အက်သလက်တီကို အသင်းကတော့ ရီးရဲလ်ဘက်တစ်ကို ၁-၀ နဲ့ အနိုင်ကစားပြီး ဘာစီလိုနာ၊ ရီးရဲလ်တို့နောက် အဆင့် 3 နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း လိုင်ယွန်အသင်းကို အိမ်ကွင်းမှာတင် ဝ-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာမှ လန်းစ်ကို ၆ မှတ်သာ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

အေစီမီလန် အသင်းနည်းပြ ပီအိုလီကတော့ နာပိုလီနဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး လီယိုရဲ့ အနာဂတ်က အေစီမီလန်မှာပဲ ရှိနေဦးမှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

မန်ယူအသင်းနောက်ခံလူ လုခ်ရှောကတော့ နယူးကာဆယ်နဲ့ပွဲအတွင်းက အသင်းဖော်တွေရဲ့ နိုင်ပွဲဆာလောင်မှု ခမ်းခြောက်ပုံကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ ဟာလန်း မပါဝင်ပဲ ၎င်းတို့နိုင်ပွဲတွေ ရယူဖို့ ယုံကြည်ထားကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

နစ်ဂျယ်စမန်းကို ရာထူးမှ ထုတ်ပယ်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘိုင်ယန်အသင်းဟာ နစ်ဂျယ်စမန်းကို ကြိုတင် အသိပေးခြင်း မပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဂျူဗင်တပ်အသင်း ကွင်းလယ်ကစားသမား ရာဘီယော့ကတော့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့မယ့် ကိစ္စအပေါ် ငြင်းဆန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရော်ဂျာကို ရာထူးမှ ထုတ်ပယ်လိုက်တဲ့ လက်စတာအသင်းဟာ ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ခံလိုက်ရတဲ့ ပေါ်တာကို ခန့်အပ်နိုင်ဖု့ိ စိတ်ဝင်စားနေကြောင်း သတင်းရရှိပါတယ်။

Credit