ခံစစ်ပြင်ဆင်တဲ့ လုပ်ငန်းဆိုတာ

ဗိုလ်ကြီးရဲ့ ခံစစ်ပြင်ဆင်တဲ့ လုပ်ငန်းက
ဘယ်တော့ပြီးမှာလဲ?
ခံစစ်ပြင်ဆင်တဲ့ လုပ်ငန်း
ဘယ်တော့ပြီးမလဲဆိုတော့…
မင်းတို့ကို ရန်သူတွေ လာတိုက်တဲ့အချိန်က
ခံစစ်ပြင်ဆင်တဲ့ လုပ်ငန်းပြီးတဲ့အချိန်ပဲ
မင်းတို့ခံစစ် ကောင်းမကောင်း
အဆုံးဖြတ်ပေးမယ့်သူကလည်း
မင်းတို့ကို လာတိုက်မယ့် ရန်သူတွေပဲ