ချမ်းအေးသာစံမြိုနယ်ရှိ ခရိုင်တရားရုံများ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ

ဇန်နဝါရီ၁ရက်အစောပိုင်း နံနက် ၁၂နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ် ပြည်ကြီးမျက်ရှင်
ရပ်ကွက်၊ ၆၅လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်
တရားရုံးအဆောက်အဦအား ၆၅ လမ်းအတိုင်း တောင်မှမြောက်သို မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးနှင့်
အမျိုးသား၂ ဦးက လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့၍ အဆိုပါရုံးခြံဝင်းအတွင်း မဟာအောင်မြေ
ခရိုင်တရားရုံး၏ စီမံရုံးခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးခန်းတွင် တပ်ဆင်ထားသည့် ၂ ပေပတ်လည် မှန်
၁ ချပ်ကွဲပြီး တန်ဖိုးငွေ ၄၀,၀၀၀ ကျပ်ခန့် ပျက်စီးခဲ့သည်။
ထိုအပြင်ရုံးရှေ့၌ရပ်ထားသည့် Honda Fit ယာဉ်၏ နောက်ဝဲဘက်မှန်ကွဲ၊နောက်ဝဲဘက်မီးလုံးကွဲ၊ ဝဲဘက်ရှေ့
နောက်ဘီး ၂ လုံးပေါက် တန်းဖိုးငွေ ၂ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေး ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးပြီး လက်လုပ်ဗုံးပစ်ပေါက်သွားသူများအား ဖမ်းဆီးရမိရေး
စုံစမ်းလျက်ရှိကြောင်း သိရသည်။