ရန်ကုန်-မြိတ် ခရီးသည်တင်ကားကို PDF က ဓားပြတိုက်

ဇန်နဝါရီ ၂၇က်က ရန်ကုန်မြို့မှ မြိတ်မြို့ကို ပြေးဆွဲနေသည့်”ရွှေဝယ်သူ” ခရီးသည်တင် Express ကားကို
အကြမ်းဖက် PDF တွေက ဓားပြတိုက်ခဲ့ကြကြောင်း သိရသည်။
ရွှေဝယ်သူ ခရီးသည်တင်ကားကို ယနေ့ နံနက်လေးနာရီခန့်က မွန်ပြည်နယ်၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ် ကြားတွင်
လက်နက်ကိုင်ထားသည့် PDF များက သေနတ်ပစ်ဖောက်ကာ ကားကို ရပ်တန့်တားဆီးခဲ့ပြီး ကားပေါ်က ခရီးသည်
များ၏ ရွှေထည်၊ လက်ဝတ်လက်စားများနှင့် ပိုက်ဆံအိတ်များကို ယူဆောင်သွားပြီး စုစုပေါင်း သိန်း ၁၀၀ ကျော်ဖိုး
ခန့် ဓားပြတိုက်သွားကြောင်း သိရပါသည်။