မေလ ၈ ရက်နေ့မှုခင်းသတင်းများ

-မေလ ၇ ရက် ၀၈၀၀ နာရီတွင် ကျွန်းစုမြို့နယ်၊ သဘောင်းတောင်ကျေးရွာတွင်နေထိုင်သော ဦးကျော်ကျော်မြင့် (၄၆)နှစ်သည် ရွာလမ်းပေါ်တွင် ရှိနေစဉ် PDF အကြမ်းဖက် ၂ ဦးမှ အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ ဦးကျော်ကျော်မြင့်သည် ဦးခေါင်းနောက်စေ့ ကျည်ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရ။

-မေလ ၇ ရက် ၁၆၃၀ နာရီတွင် မင်းတုန်းမြို့နယ်၊ ကျောက်ဖြာလည်ကျေးရွာနေ ဒေါ်အေးရီ (၅၃)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၆ ဦးမှာ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်အေးရီတွင် ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရ။

-မေလ ၇ ရက် ၁၀၄၀ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Teminal-2 ရှေ့၌ pdf အကြမ်းဖက်သမားများမှ အိတ်အမဲဖြင့် ထုပ်ထားသည့် MG-1 လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိခဲ့ရာ အသက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရှိရ။

-မေလ ၇ ရက် ၁၃၁၅ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ဇလွန်မြစ်(၃)လမ်းထောင့်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးဝင်းတင်(၆၅)နှစ်၊ ABC မုန့်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းတွင် ဝဲပေါင်အစ၊ ယာလည်ပင် အစထိမှန်ဒဏ်ရာတို့ ရရှိခဲ့ပြီး ၎င်းနေရာအနီးမှ ဖြတ်သန်းသွားသော လင်ခရူဆာ(ခဲရောင်)ယာဉ်၏ ရှေ့တံခါး(ဝဲ)မှန်ကွဲ၊ နောက်တံခါး(ဝဲ)မှန်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ။