အကြမ်းဖက် PDF များလွှတ်ပေးတဲ့ မှောင်ခိုကားကို ပြည်သူတွေကပြန်ဖမ်းပြီး ဆန္ဒပြ

၁၈ရက်နေ့ညက ကားတစီးကို သစ်တန် ၃၀ ပါသော သစ်ကား ၁၈ စီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့တွင် မြို့ခံလူထုကဖမ်းဆီးပြီး အကြမ်းဖက် PDFအဖွဲ့များကို ဆန္ဒပြခဲ့ကြောင်း သိရသည်။

မော်လူးမြို့နယ်တွင် လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့များက ငွေယူပြီး လွှတ်ပေးလိုက်တဲ့ သစ်မှောင်ခိုကား ၁၈ စီးကို မော်လူးမြို့ခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးကာ အကြမ်းဖက် PDF အဖွဲ့များကို ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယခုလို မြို့ခံပြည်သူတွေက သစ်ကားများကို ဝိုင်းဖမ်းပြီး ဆန္ဒပြရခြင်းမှာ မြို့ခံပြည်သူတွေက အိမ်သုံးအဖြစ် သုံးဘီးနဲ့သယ်တာကိုကြဖမ်းပြီး မတန်မရာအဆ ပေါင်းများစွာ ဒဏ်ရိုက်ပြီးတော့ တရုတ်ပြည်ကို ၁၂ ဘီးကားကြီးတွေနဲ့ ပို့နေတာကိုကြတော့ တစ်စီးကို ၅ သိန်း၊ ၃၀ သိန်းယူပြီး ၎င်းအကြမ်းဖက် PDF အဖွဲ့များက အကုန်လုပ်စားနေကြလို့ မခံမရပ်ဖြစ်ကာ ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြိုခံပြည်သူတွေ ဖမ်းပေးတဲ့ ကား ၁၈ စီးကို ၎င်းအကြမ်းဖက်အဖွဲ့ထံ အပ်နှံပေးခဲ့ပေမဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် နောက်ထပ် သစ်ခိုးကား ၃ စီးကို မြို့ခံတွေက ဖမ်းပြီး ယခုလို ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

PAN