ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ပြဿနာဖြစ်နေတဲ့ နော်တင်ဟမ်ဖောရက်စ်

နော်တင်ဟမ်ဖောရက်စ်အသင်းသည် ပရီးမီးယားလိဂ်မှ ချမှတ်ထားသော ဘဏ္ဍာရေးအသုံးစရိတ်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် (၄)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
ထို့ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်အတွင်း အဆင့်(၁၈)နေရာသို့ ရောက်ရှိသွားခဲ့ပြီး ယင်းပြစ်ဒဏ်ကို နော်တင်ဟမ်ဖောရက်စ်အသင်းက အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။