ကမ္ဘာ့ဖလားပြိုင်ပွဲမှာယှဉ်ပြိုင်ကစားပြမည့်အသင်းလိုက်အုပ်စုဇယား

ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပွဲရဲ့ ပွဲချိန်နဲ့ရက်စွဲများကို ဖီဖာအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ပွဲချိန် ဇယားအရ လေးရက်တစ်ပွဲနှုန်းကစားကြရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကိုတော့ ဒီဇင်ဘာလ ၁၈ ရက်ကို သတ်မှတ်ထားကြပါတယ်။ အင်္ဂလန်အသင်းအတွက် ကစားချိန်ကတော့ ယူကေစံတော်ချိန်နဲ့ဆိုရင် နံနက် ၁၀ နာရီပွဲတွေဖြစ်ပါတယ်။ ဖီဖာရဲ့ ကာတာကမ္ဘာ့ဖလား ၂၀၂၂ လမ်းပြမြေပုံကိုထုတ်ပြန်ပြီးဖြစ်တာ ကြောင့် နိုဝင်ဘာ ၂၁ ရက်မှာစတင်ကစားကြမှာဖြစ်ပြီး အုပ်စုပွဲများအားလုံး ဒီဇင်ဘာ ၂ ရက် နေ့ထိ တစ်ရက် လျှင် ၄ ပွဲနှုန်းနဲ့ ပရိသတ်များတိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၂၀၁၈ ရုရှားကမ္ဘာ့ဖလားက အုပ်စုအဆင့်တစ်နေ့ကို ၂ ပွဲနဲ့ ၄ ပွဲကြားကစားခဲ့ကြရပါတယ်။ ပထမဆုံး အုပ်စုပွဲများဟာ နိုဝင်ဘာ ၂၁ ရက် တနင်္လာ၊ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှာကစားမှာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့တွက်ရင် ညနေ ၄ နာရီဖြစ်ပါတယ်။ ကြားရက်ပွဲများကတာ့ အလုပ်ချိန်နဲ့တိုက်နေ ပါတယ်။ ဘယ်ပွဲကို ဘယ်ကွင်းမှာကစားမယ်ဆိုတာတော့ အတိအကျမသတ်မှတ်ရသေးပါ။ မတ် ၂၀၂၂ ဖိုင်နယ်မဲနှိုက်ပြီးမှသာ မှတ်ပေးမှာဖြစ်ပါတယ်။ ပွဲသုံးပွဲကလွဲပြီး အသင်းအာလုံး တစ်ပွဲနဲ့တစ်ပွဲကြား အနားယူရက် ၃ ရက်စီရကြမှာပါ။ အသင်းတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေတစ်ပွဲနဲ့တစ်ပွဲကြား ကူးသန်းဖို့ လေယာဉ်၊ ရထား၊ ကားတို့ဖြင့် ခရီးလမ်းရှည်သွားစရာ လုံးဝမလိုအပ်ပါ။ ပြိုင်ပွဲရဲ့ ပထမအဖွင့်ပွဲကိုတော့ အယ်လ်ခေါကအယ်ဘေးစတေဒီယမ်မှာ အိမ်ရှင်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာပါ။ တတိယနေရာလုပွဲကို ဒီဇင်ဘာ ၁၇ ရက် ခါလီဖာကွင်းမှာကျင်းပပြီး ဖိုင်နယ်ပွဲကိုတော့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လူဆေးစတေဒီယမ် (လူ ၈ သောင်းကျော်ဆံ့)ကွင်းမှာကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။