ဇန်နဝါရီလ ၁၅ ရက်နေ့တိုက်ပွဲသတင်းများ

-ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာရှိ ခလရ(၁၂၃)ရင်းဌာနချုပ်သို့ နေရာ ၄ နေရာမှ KIA သောင်းကျန်းသူ ၂၅၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့။

-ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဝန်းကျင်တစ်ဝိုက်အား ကင်းထောက်ဒရုန်းဖြင့် ထောက်လှမ်းစဉ် မြို့၏အနောက်ဘက် ကုန်းစုံရွာအနောက်ဘက်၌ TNLA သောင်းကျန်းသူ ၂၀ ဦးခန့်အား စုဖွဲ့နေကြောင်း တွေ့ရသဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တားမှုပြုလုပ်ခဲ့။

-ကယားပြည်နယ်၊ ဖယ်ခုံမြို့ ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းသို့ နေရာ ၂ နေရာမှ KNDF နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ် ၊ ပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်ဇောက်ရွာရှိ ခမရ(၅၃၉) သို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းလမ်းကြောင်းထိန်းစခန်းသို့ နေရာ ၃ နေရာမှ PDF ၁၅၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် ၊Drop Bomb များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။