ပဲခူးဘက်မှာ KNLA သောင်းကျန်းသူ ၂ ဦးသေဆုံး

ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် knla တမဟ ၂၊ ရင်း၅ မှ သောင်းကျန်းသူများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး knla သောင်းကျန်းသူများထံမှ အလောင်း ၂ လောင်း ၊ ပစ္စတို ၁ လက် ၊ ပစ္စတိုကျည် ၃တောင့် ၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှထိခိုက်မှုမရှိကြောင်း သိရပါတယ်။