မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

စိတ်ဒုက္ခ

ဒုက္ခအားလုံးမှာ အဆိုးဆုံးက
စိတ်ဒုက္ခပဲ။

စိတ်ဒုက္ခဟာ အပူလောင်ဆုံးနဲ့
အပင်ပန်းဆုံးပဲ။

စိတ်ကိုပင်ပန်းစေတာဟာ
တခြားကြောင့်မဟုတ်ဘူး။

လောဘဒေါသမောဟ စတဲ့
ကိလေသာတွေကြောင့်ပါပဲ။

လောဘကြောင့်
စိတ်ပင်ပန်းတယ်၊

ဒေါသကြောင့်
စိတ်ပူလောင်တယ်၊

မောဟကြောင့်
စိတ်တွေဝေတယ်၊

မာနကြောင့်
စိတ်ခက်ထန်တယ် စသဖြင့်ပေါ့။

စိတ်ကို
သတိက ထိန်းနိုင်တယ်။

သတိမပါရင် အထိနာမယ်။
သတိရှိမှ အရှိသိမယ်။

🙏မနာပဒါယီ ကိုရီးယား ဆရာတော် အရှင်ဝိစိတ္တ🙏