ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသို့ ဖူးမြော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးကို လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် တွက်ချက်ဆောင် ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ၊ သာသနိကအဆောက်အဦများ ဖြစ် သည့်အတွက် အဘက်ဘက်မှ တွက်ချက်စိစစ်ကာ အလေးထား လုပ်ဆောင်ရန်လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။