ငလျင်ကြောင့် ဆီးရီးယားအကျဉ်းထောင်မှ IS အကျဉ်းသား ၂၀ ထွက်ပြေး

ဖေဖော်ဝါရီ ၆ ရက်က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ဆီးရီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အိုင်အက်စ်အဖွဲ့၀င် အကျဉ်းသား ဦးရေ ၂၀ ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အဲဒီအကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

တူရကီနယ်စပ်အနီး ရာဂျိုမြို့ရှိ အကျဉ်းထောင်မှာ အကျဉ်းသား ၂၀၀၀ ခန့်ထားရှိပြီး ထိုအရေအတွက်ထဲမှ ၁၃၀၀ ခန့်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေလို့ ယုံကြည်ရကြောင်း အဲဒီသတင်းရင်းမြစ်က ဆက်လက်ပြောကြားပါတယ်။