ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုက ကမ္ဘာ့တတိယအဆိုးရွားဆုံးအဆင့်ကို ရောက်ရှိနေ

ဘန်ကောက်မြို့တော်ရဲ့ မနက်ခင်းပိုင်းမှာ မြို့တော် လေထုအဆင့်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ PM2.5 ကို ရောက်ရှိလာပြီးတဲ့နောက် လေထုညစ်ညမ်းမှု ကမ္ဘာ့ တတိ ယ အဆိုးရွားဆုံးမြို့အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းက စိုက်ပျိုးရေး တွေမှာ မီးရှို့လောင်ကျွမ်းခြင်း၊ တောမီးလောင်ကျွမ်းခြင်းတွေနဲ့ မြို့တော်ရဲ့ လမ်းပိတ်ဆို့မှု၊ ခြောက် သွေ့တဲ့ ရာသီကြောင့် လေထုထဲကသေးငယ်တဲ့အမှုန်အမွှား တွေဟာ မြို့တော်က မိုးမျှော်တိုက် တွေကြားထဲ မီးခိုးမြူတွေအဖြစ် ဖုံးလွှမ်းသွားစေခဲ့ပါတယ်။