အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အပြင်းထန်ဆုံး တုန့်ပြန်မယ်လို့ မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားရဲ့ ပိုမိုကြီးထွားလာတဲ့ နျူကလီးယား လက်နက် ရည်မှန်းချက်တွေကို တုန့်ပြန်ရေး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို အပြင်ထန်ဆုံး တုန့်ပြန့် သွားမယ်၊ဒီနှစ်နိုင်ငံရဲ့ လုပ်ရပ်ဟာ တင်းမာမှုတွေကို အရမ်း ပြင်းထန်တဲ့ အနီရောင် စည်းဆီကို တွန်းပို့နေတာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂ရက်က ပြောကြားခဲ့ပါတယ်။

မိမိတို့ အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ တိုက်လေယာဉ်တွေနဲ့ လေယာဉ်တင် သင်္ဘောတွေ အပါအဝင် စစ်လက်နက်တွေ တိုးမြှင့်ချထားပြီး နှစ်နိုင်ငံ စစ်ဆင်ရေးတွေ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် ပြုလုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ဆိုးလ်မြို့ ခရီးစဉ်မှာ ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ပြောကြားထာ ဖြစ်ပါတယ်။