တရုတ်နိုင်ငံ စင်ကျန်းဒေသရှိ ရွှေမိုင်းတွင်းပြိုကျပြီး ပိတ်မိနေသည့် မိုင်းတွင်းလုပ်သား ၁၈ယောက်ကို ကယ်တင်ရန်ကြိုးပမ်းနေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စင်ကျန်းဒေသရှိ ရွှေမိုင်းတွင်းတစ်ခု ကျွံဝင်သွားခဲ့ပြီးနောက် မြေအောက်မှာ ပိတ်မိနေတဲ့ မိုင်တွင်းလုပ်သား ၁၈ယောက်နဲ့ အဆက်အသွယ်ရဖို့ ဒီဇင်ဘာလ ၂၅ရက်က ကယ်ဆယ်ရေးလုပ်သားတွေ စတင်ကြိုးစားနေတယ်လို နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ကာဇက်စတန်နယ်စပ်ကနေ မိုင် ၆၀ဝေးတဲ့ ယီနင်းဒေသရှိ မိုင်းတွင်းဟာ ဒီဇင်ဘာလ ၂၄ရက်နေ့လည်ပိုင်းက မိုင်းတွင်း ပြိုကျသွားချိန် မြေအောက်မှာ အလုပ်လုပ်နေသူစုစုပေါင်း ၄၀ရှိတယ်လို့ သိရပါတယ်။

crd;kwm