အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီကို အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီကို အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို သိရပါတယ်။ ဂန္ဒီဟာ ၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ်မိုဒီရဲ့ မျိုးရိုးနာမည်ကို ရွေးကောက်ပွဲချီတက်ပွဲအတွင်းမှာ စော်ကားပြောဆိုခဲ့တာကြောင့် ဂူဂျာရတ်ပြည်နယ်တရားရုံးက စီရင်ချက်ချခဲ့တာပါ။

သူ့ကို ချက်ချင်း ထောင်ဒဏ်ကျခံရမှာမဟုတ်ဘဲ ရက်ပေါင်း ၃၀ အာမခံပေးထားကာ အယူခံဝင်ခွင့်ရှိတယ်လို သိရပါတယ်။ ဂန္ဒီဟာ ရွေးကောက်ပွဲချီတက်ပွဲမှာ မိုဒီရဲ့ မျိုးရိုးအမည်ကို သူခိုးတွေလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီပြောဆိုမှုဟာ မိုဒီအသိုင်းအဝိုင်းတခုလုံးကို အသရေပျက်စေတယ်ဆိုပြီး BJP ပါတီရဲ့ ဥပဒေပြုအမတ် Purnesh Modi က တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။