အိန္ဒိယနိုင်ငံရဲ့ မြို့ ကြီးတွေမှာ လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမယ်


အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေမှာ လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲနိုင်အောင် အိန္ဒိယဗဟိုအစိုးရက ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇ ဘီလျံနီးပါး ချထားပေးဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှုမှာ ကားမီးခိုးငွေ့တွေကလည်း အဓိကကျတဲ့ အချက်ဖြစ်နေပြီး ကားမီးခိုးငွေ့တွေကို လျှော့ချနိုင်ဖို့အတွက် လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲမှာပါ။
အဲဒီအစီအစဉ်ကို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်အကောင်အထည်ဖော်မှာဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကားတွေ ပြေးဆွဲရာ လမ်းကြောင်းတစ်လျှောက်မှာလည်း အားသွင်းရုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
အိန္ဒိယလွှတ်တော်ဟာ ပြည်နယ် ၉ ခုမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့အတွက် ရူပီးငွေ သန်း ၃.၂၅ သိန်း တန်ကြေးရှိတဲ့ ရထားလမ်း ၇ လမ်း ဖောက်လုပ်ရေး စီမံကိန်းကိုလည်း အတည်ပြုပေးခဲ့ပါတယ်။