ကမ္ဘာ့စီးပွားရေး တစ်ခုလုံး၏ ၃၀ရာခိုင်နှုန်းနီးပါးထိ ထိန်းချုပ်လာနိုင်နေတဲ့ BRICS အဖွဲ့

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ် ကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်းအဝေးတွင် အဖွဲ့အစည်းကြီး၏ သမိုင်းဝင်ချဲ့ထွင်မှုအား ကြေညာခြင်းဖြင့် BRICS မဟာမိတ်အဖွဲ့သည် ယခုအခါ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ ၃၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

BRICS အဖွဲ့သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတို့ အပါအဝင် နိုင်ငံ​ပေါင်း ၆ နိုင်ငံကို တရားဝင် ပါဝင်ခွင့်ရရှိခဲ့ပြီးနောက်ပိုင်း ယင်းကိစ္စရပ်သည် ကမ္ဘာ့ပါဝါချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့ပြီလည်းဖြစ်ပါတယ်။

BRICS အဖွဲ့အစည်းကြီး၏ နှစ်ရက်ကြာ ထိပ်သီးစည်းဝေးပွဲအတွင်း အစုအဖွဲ့ တိုးချဲ့ရေးဆိုင်ရာ သဘောတူညီမှုကို ရယူနိုင်ခဲ့ပြီး လာမည့်နှစ်တွင် မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် စီစဉ်ထားသည့် နိုင်ငံ​၆ နိုင်ငံသို့ ဖိတ်ကြားချက်များ ပေးပို့ခဲ့ကြပါတယ်။

ယခုအခါတွင် BRICS အဖွဲ့အစည်းကြီးသည် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံနီးပါးကို လွှမ်းခြုံထားပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် မကြာမီတွင် ပါဝင်မှုများနှင့်အတူ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီလည်းဖြစ်ပါတယ်။

crd; pan